
နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်
ခရစ်တော်၌ အမှန်အတိုင်း ပြောဆိုခြင်း https://myanmar-odb.org/2024/09/06/sp... / myanmar.odb / ourdailybreadmyanmar ယနေ့ဖတ်ရန်ကျမ်းချက် - ဧဖက်ဩဝါဒစာ ၄:၂၂-၂၉ https://odb-ministries.org/bible/mm/r... ထင်ဟပ်ဖော်ပြချက် ခရစ်တော်၌ အမှန်အတိုင်း ပြောဆိုခြင်း ဧဖက်မြို့သို့ ရေးသောစာ၌ ရှင်ပေါလုသည် အကျဥ်းထောင်မှနေ၍ (ဧဖက်သြဝါဒစာ ၆:၁၉) အဓိကအားဖြင့် သခင်ယေရှုကို ယုံကြည်သူ တစ်ပါးအမျိုးသားအသိုင်းအဝန်းသို့ ရေးသားခြင်းဖြစ်သည် (၃:၁-၂၊ ၄:၁၇)။ သူက “ခရစ်တော်အားဖြင့် ယုဒလူမျိုးနှင့် တစ်ပါးအမျိုးသားတို့သည် လူမျိုးများစွာပါဝင်သော ယုံကြည်သူမိသားစု (သို့) ကိုယ်ခန္ဓာတစ်ခုထဲသို့ ပေါင်းစည်းသွတ်သွင်းခံရခြင်း” ဟူသည့် အလွန် နက်နဲသောအမှုအရာကို ဖွင့်ပြခံရခြင်းအကြောင်းကို (၃:၃) သရုပ်ဖော်ရေးသားထားသည်။ ထို့ပြင် သခင်ယေရှုကို ယုံကြည်သူတို့အား ဘုရားသခင်၏မေတ္တာတော်၌ တိုက်မြစ်ကျတည်ဆောက်ခြင်း ရှိရန် တိုက်တွန်းသေးသည် (:၁၆-၁၉)။ အဓိပ္ပာယ်မှာ အသက်တာဟောင်း၏ ပြုမူကျင့်ကြံပုံများနှင့် ရုပ်တုကိုးကွယ်သူတို့၏ ဓလေ့ထုံးတမ်းများ၏မုသာများကို ဆက်လက်ဖယ်ရှားစွန့်ပစ်ကြရန်၊ ၎င်းနေရာတွင် ဘုရားသခင်သည် မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ၎င်းတို့ကို သူနှင့် အညီအမျှဖန်ဆင်းထားခြင်းကြောင့် လူသစ်ကို ယူတင်ဝတ်ဆောင်ရန် စေစားခံရသည် (၄:၂၃)။ “အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏”ဟု ရှင်ပေါလု ဆိုလျက် “ယခုမူကား သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။ အလင်းတော်၏အကျိုးမူကား အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ်သတည်း” (၅:၈-၉) ဟု အလေးအနက် ပြောကြားခဲ့ပေသည်။ စာရေးသူ - မိုနီကာလာရို့စ်