
နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်
စကားလုံးများအတွက် တာဝန်ယူမှု https://myanmar-odb.org/2024/07/20/ta... / myanmar.odb / ourdailybreadmyanmar ယနေ့ဖတ်ရန်ကျမ်းချက် - သုတ္တံကျမ်း ၁၅:၁-၉ https://odb-ministries.org/bible/mm/r... ထင်ဟပ်ဖော်ပြချက် စကားလုံးများအတွက် တာဝန်ယူမှု သုတ္တံကျမ်း ၁၅:၁-၉ တွင် ကျွန်ုပ်တို့၏နှုတ်အပြောအဆိုသည် အရေးကြီးကြောင်း ပြောထားသည့် အရာများစွာ ပါရှိသည်။ ၎င်းသည် ဓမ္မသစ်ကျမ်းရှိ ရှင်ယာကုပ်သြဝါဒစာစောင်၏ ထင်ရှားသော ခေါင်းစဉ်လည်းဖြစ်သည်။ ရှင်ယာကုပ်က မိမိ၏နှုတ်စွမ်းရည်ဖြင့် သူတစ်ပါးအပေါ်လွှမ်းမိုးသည့် ဆရာများအား ၎င်းတို့သည် ကြပ်တည်းစွာ စီရင်ခံရမည့်အကြောင်းကို သတိပေးခဲ့သည် (ရှင်ယာကုပ်သြဝါဒစာ ၃:၁)။ အခြားနည်းလမ်းများထက် ကျွန်ုပ်တို့သည် နှုတ်စကားအားဖြင့် အပြစ်လုပ်ခြင်းသို့ ယိမ်းပါတတ်သောသဘောရှိသည် (:၂)။ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် နှိုင်းစာလျှင် လျှာသည် အချိုးအစားမမျှတအောင် သေးငယ်သော်လည်း အစွမ်းထက်ပြီး ယဉ်ပါးအောင်လုပ်ရန် ပို၍ ခက်ခဲပါသည် (:၃-၈)။ စကားပြောဆိုရာ၌ ကျွန်ုပ်တိုသည် ရှေ့နောက်မညီ ဖြစ်တတ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် အညီ ဖန်ဆင်းထားသည့် လူသားချင်းကို ဆက်ဆံရာ၌ သူတို့သည် အသုံးမကျသကဲ့သို့ ပြောစကားများကို ကျွန်ုပ်တို့သုံးနှုန်းတတ် သကဲ့သို့ တစ်ချိန်တည်းမှာပင် ၎င်းတို့ကို ဖန်ဆင်းသည့် ဘုရားရှင်အား ချီးမွမ်းရာ၌လည်း သုံးနှုန်းပါသည် (:၉-၁၂)။ ဆာလံဆရာပြောသကဲ့သို့ပင် “အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ် ဖြစ်ပါစေသော။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်ကို ရွေးနှုတ်တော်မူသော ဘုရား” (ဆာလံကျမ်း ၁၉:၁၄)။ စာရေးသူ - အာသာဂျက်ဆင်