khit Thit Afternoon News | June 28 2026

khit Thit Afternoon News | June 28 2026

Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများပြားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။ -ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို ဆယ်စုနှစ် များ စွာ စနစ်တကျ ငတ်မွတ်ခေါင်းပါးအောင်လုပ်ပြီး စားနပ်ရိက္ခာရရှိနိုင်မှုကို ဖျက်ဆီးခဲ့တာဟာ မြန်မာ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတော်မူဝါဒ ဖြစ်တယ်လို့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူး ဟောင်းဖြစ်ပြီး နိုင်ငံတကာဥပဒေပညာရှင် Yousuf Syed Khan က Genocide Watch မှာ ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ အကြမ်းဖက် စစ်တပ်နှင့် ပူပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ စစ်တပ် သတင်းပေး အေးကျော် ပစ်ခတ် ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -အီရန်ကနောက်ထပ် ကုန်တင်သင်္ဘောတစ်ကို ထပ်မံတိုက်ခိုက်လိုက်တာကြောင့် အမေရိကန်က အီရန်ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။