နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ  ၂၄  ရက်

နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်

ခရစ်တော်သည်သာ အရေးအကြီးဆုံးပါ https://myanmar-odb.org/2025/01/24/ch...   / myanmar.odb     / ourdailybreadmyanmar   ယနေ့ဖတ်ရန်ကျမ်းချက် - ကောလောသဲသြဝါဒစာ ၂:၆-၁၂ https://odb-ministries.org/bible/mm/r... ထင်ဟပ်ဖော်ပြချက် ခရစ်တော်သည်သာ အရေးအကြီးဆုံးပါ ရှင်ပေါလုသည် ကောလောသဲဩဝါဒစာကို ကောလောသဲမြို့ရှိ အသင်းတော်သို့ ရေးသားပေးပို့ခဲ့ပြီး၊ ကောလောသဲအသင်းတော်ကို တည်ထောင်သူမှာ ဧပဖြ ဖြစ်နိုင်ခြေရှိသည် (ကောလောသဲဩဝါဒစာ ၁:၆-၇)။ ရှင်ပေါလုသည် ထိုစာကို ပထမအကြိမ် သူရောမထောင်၌ အကျဥ်းကျနေချိန်အတောအတွင်း ရေးသားခဲ့ပြီး၊ မှားယွင်းသော ယုံကြည်မှုများကို ထောက်ပြရန်နှင့် “လောကီပညာနှင့် အချည်းနှီးသောပရိယာယ်” နောက်သို့ (၂:၈) မလိုက်ပါမိအောင် သတိပေးရန် ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုသို့ လမ်းမလွဲစေသော အကောင်းဆုံးနည်းမှာ သခင်နှင့် မိတ်သဟာယဖွဲ့သော ဆက်ဆံရေးရှိခြင်း၊ နှုတ်ကပတ်တော်နှင့် အကျွမ်းတဝင်ရှိခြင်း တို့အားဖြင့် “ကိုယ်တော်ထံ၌ အမြစ်တွယ်၍ တည်ဆောက်”ခြင်းရှိရန် (:၇ - ခေတ်သစ်) ဖြစ်ကြောင်း တမန်တော်ကြီး သိသည်။ ကျမ်းစာ၏အခြားနေရာများတွင် “လောကဝတ်စကားနှင့် ချော့မော့သောစကားအားဖြင့် (ရိုးစင်း၍) စိတ်ကောင်း(ရှိ)သောသူတို့ကို လှည့်ဖြားတတ်”သော (ရောမသြဝါဒစာ ၁၆:၁၈)၊ “လျှပ်ပေါ်သောစကားဖြင့်” လှည့်စားတတ်သော (ဧဖက်သြဝါဒစာ ၅:၆) (စာတန်၏လှည့်စားမှုကို ကိုယ်တိုင်ခံရသည့်) မှားယွင်းသောဆရာ သွန်သင်သူများအကြောင်းကို ရှင်ပေါလုသတိပေးခဲ့သည်။ သူသည် ယုံကြည်သူများအား လှည့်စားမှုကို ရင်ဆိုင်တိုက်လှန်နိုင်ရန် “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြ”ခြင်းဖြင့် (၆:၁၁) “သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြ”ရန် (:၁၀) တိုက်တွန်းနှိုးဆော်ထားသည်။ ဘုရားသခင်အားဖြင့် ကျွန်ုပ်တို့ “ခံရပ်နိုင်”ကြပါသည် (:၁၃)။ စာရေးသူ - အယ်လီဆန်ကီဒါ