
ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ - "၇၆နှစ်မြောက်အာဇာနည်နေ့ - 19.7.23"
"၇၆နှစ်မြောက်အာဇာနည်နေ့နှင့်နွေဦးသူရဲကောင်းတို့၏အောက်မေ့ဖွယ်အခမ်းအနား" ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဦးဆောင်၍ နိုင်ငံတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်လုပ်ကြံခံခဲ့ရသောအာဇာနည်(၉)ဦးနှင့်အတူ နွေဦးတော်လှန်ရေးတွင် အသက်ပေးလှူသွားကြသော အာဇာနည်သူရဲကောင်းများအားလွမ်းဆွတ်တမ်းတသောအားဖြင့် "၇၆နှစ်မြောက် အာဇာနည်နေ့နှင့် နွေဦးသူရဲကောင်းတို့၏ အောက်မေ့ဖွယ်အခမ်းအနား" အား ရေစကြိုမြို့နယ်အတွင်းရှိ ကျောင်းတစ်ကျောင်းတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ ကျောင်းသားများ၊ပြည်သူလူထုများနှင့်အတူ ပြုလုပ်ခဲ့ကြသည်။ အခမ်းအနားတွင် ရေလယ်ကျွန်းပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာလင်းမှအာဇာနည်နေ့နှင့်ပတ်သတ်ပြီး အမှတ်တရများ၊ ဆရာဦးအီးတီမှ အာဇာနည်စိတ်ဓာတ်နှင့် ဖက်ဒရယ် နိုင်ငံတော်သစ်တည်ဆောက်ရေးအကြောင်းတရားများ၊တောင်သာမြို့နယ်ကပကဖတာဝန်ခံ ဆရာဦးကြည်စိုးမှ နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည်များပြောကြားခဲ့ကြပြီး ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုလရောင်မှကဗျာရွတ်ဆိုခဲ့သည်။ ၁၀ နာရီ ၃၇ မိနစ်တွင် အာဇာနည် (၉)ဦးနှင့်တကွ ခေတ်အဆက်ဆက် နိုင်ငံ့လွတ်လပ်ရေးအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းများအား အလေးပြုခဲ့ကြပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၁မိနစ် ငြိမ်သက်ခဲ့ကြသည်။ #ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ #၇၆နှစ်မြောက်မာအာဇာနည်နေ့နှင့်နွေဦးသူရဲကောင်းတို့၏အောက်မေ့ဖွယ်အခမ်းအနား #အာဇာနည်နေ့တို့မမေ့ #အရေးတော်ပုံအောင်ရမည်