Would You Go (가시리)(Gasiri) by Eun Hee Ji (은희지) [Spirits' Homecoming OST]
ငယ်ရွယ်တာက ကောင်းတဲ့အရာလား လှပတာကရော ငယ်ပြီးတော့ လှနေရင်ရော ပိုမကောင်းဘူးလား မဟုတ်ဘူး ငြိမ်ချမ်းမှုသာမရှိရင် ငယ်ရွယ်ပြီးလှပတာကအလကားပဲ ဒုက္ခတွေကိုပါ ပိုပြီးတိုးလာစေနိုင်သေးတယ် ဒီစကားကို မငြိမ်းချမ်းတဲ့ဆီက ငယ်ရွယ်သူတွေ ကောင်းကောင်းနားလည်ကြမှာပါ အိပ်မက်တွေဆိုတာ ဘယ်တုန်းကမှမရှိခဲ့တဲ့အရာတွေလိုပျောက်ကွယ်လုနီးပါးဖြစ်နေမယ် မစဥ်းစားထားတဲ့ အဖြစ်အပျက်နဲ့ ဒုက္ခတွေက ဘယ်ချိန်ပေါ်လာမယ်ဆိုတာကို တွေးပူနေရနိုင်တယ် တေးသီချင်းတွေကို သီဆိုရတာမှာ ပျော်ရွှင်မှုဆိုတာ မရှိ စိတ်တွေကဘယ်ဆီ လွင့်နေတယ်ဆိုကို မသိနိုင်ကြတော့ဘူး အစ်မ အရင်သွားလိုက်ပါ ဆိုတဲ့စကားနဲ့ပဲနောက်ဆုံးနှုတ်ဆက်သွားတဲ့ သွေးမတော်သားမစပ်ကောင်မလေးအကြောင်းကို ပြန်လည်မြင်ယောင်ရင်းနဲ့ ကိုယ့်ရဲ့ငယ်ဘဝအမှတ်တရဆိုးတွေကို သယ်ဆောင်ထားရတဲ့ အဘွားအိုတစ်ယောက်ကို ရိုက်ပြထားတဲ့ Spirits' Homecoming အဆိုတော် Eun Hee Ji (은희지)ရဲ့ Would You Go (가시리) ဆိုတဲ့ Spirits' Homecoming OST ...က ဒီဇာတ်ကားမှာ စွဲထင်စေလောက်တဲ့ ဇာတ်ဝင်ခန်းနဲ့အတူပါလာတဲ့ သီချင်းကောင်းတစ်ပုဒ်ပါ