365 Days (2020) Official Trailer

365 Days (2020) Official Trailer

ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ ၂၀၂၀ခုနှစ်က ဂယက်ထသွားတဲ့ 360 Daysဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ မာစီမိုဆိုတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားဟာ သူ့အဖေ လုပ်ကြံခံလိုက်ရပြီးနောက်မှာ သူမလုပ်ချင်တဲ့ ဂိုဏ်းခေါင်းဆောင်နေရာကို တာဝန်ယူဖို့ဖြစ်လာပါတယ်။ သူ့အဖေ လုပ်ကြံခံရတဲ့အချိန် သူလည်း အတူရှိနေခဲ့ပြီး သူပါ အတူတူသေတော့မလို ဖြစ်ခဲ့ပါတယ်။ မာဖီးယားခေါင်း‌ဆောင်ဖြစ်လာပြီး သူသတိမလစ်ခင်မှာ မြင်လိုက်ရတဲ့မိန်းကလေးကို လိုက်ရှာလာပါတော့တယ်။ တစ်နေ့တော့ မထင်မှတ်ဘဲ ရည်းစားရယ် သူငယ်ချင်းတွေရယ်နဲ့ ခရီးထွက်လာတဲ့ သူ့အိပ်မက်ထဲကမိန်းကလေး လော်ရာကိုတွေ့လိုက်တဲ့အခါ လော်ရာ့ကို ပြန်ပေးဆွဲလာပါတော့တယ်။ မာစီမိုက လော်ရာ့ အဲဒီလိုပြန်ပေးဆွဲလာပြီး သူ့ကို ပြန်ချစ်ဖို့ အချိန်တစ်နှစ်ပေးမယ်၊ အဲဒီတစ်နှစ်ပြည့်ပြီးလို့မှ ပြန်မချစ်နိုင်ရင် လွှတ်ပေးမယ်ဆိုပြီး ကမ်းလှမ်းလာပါတော့တယ်။ တစ်နှစ်မပြည့်ခင် လော်ရာက မာစီမိုကို ချစ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုနိုင်ပါတယ်။ 18+အခန်းတွေပါကြောင်းလည်း သတိပေးလိုက်ပါတယ်။