နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ  ၂၇  ရက်

နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

သူတထူး ကောင်းချီးဖြစ်စေရေး ကောင်းချီးခံရသည် https://myanmar-odb.org/2025/01/27/bl...   / myanmar.odb     / ourdailybreadmyanmar   ယနေ့ဖတ်ရန်ကျမ်းချက် - ဓမ္မရာဇဝင်စတုတ္ထစောင် ၄:၁-၇ https://odb-ministries.org/bible/mm/r... ထင်ဟပ်ဖော်ပြချက် သူတထူး ကောင်းချီးဖြစ်စေရေး ကောင်းချီးခံရသည် ဧလိရှဲသည် ကိုးရာစုအတွင်း (ဘီစီ ၈၅၃-၇၉၈) က ပရောဖက်ကြီး ဧလိယ၏တပည့်ဖြစ်သည်။ သူသည် လယ်ထွန်နေစဥ် ဧလိယ၏အမှုတော်ကို ဆက်လက်ဆောင်ရွက်ရန် ဘုရားသခင်က သူ့ကိုခေါ်ယူကြောင်း လက္ခဏာသက်သေအဖြစ် ဧလိယက “မိမိဝတ်ရုံကို သူ့အပေါ်မှာ တင်လေ၏” (ဓမ္မရာဇဝင်တတိယစောင် ၁၉:၁၉)။ ဧလိယသည် လေပွေအားဖြင့် ကောင်းကင်သို့ ချီဆောင်ခြင်းမခံရမီ (ဓမ္မရာဇဝင်စတုတ္ထစောင် ၂) ဧလိရှဲက သူ့ကို ဆက်ခံသူအနေနှင့် “ကိုယ်တော်၏ဝိညာဥ် နှစ်ဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသော” (:၉)ဟု တောင်းဆိုခဲ့သည်။ ဧလိရှဲ၏တောင်းဆိုမှုကို ဘုရားသခင် ခွင့်ပြုခဲ့သည် (:၁၀-၁၂)။ ဖြစ်နိုင်ခြေရှိသည်မှာ သူသည် ဘုရားရှင်၏အသုံးပြုမှုကို ခံယူလိုကြောင်း သူ့စိတ်ရင်းကို ကိုယ်တော်သိခြင်းကြောင့် ဖြစ်နိုင်သည်။ ဧလိယနည်းတူ ဧလိရှဲက နိုင်ငံအတွင်း ရုပ်တုကိုးကွယ်ခြင်းနှင့် မတရားမှုများကို ဆန့်ကျင်၍ ပရောဖက်ပြု‌ဟောပြောခဲ့သည်။ သူ့ရှေ့မှ ပရောဖက်ဖြစ်သူ ဧလိယနည်းတူ ဧလိရှဲသည် မုဆိုးမ၏ဆီကို ပွားများစေခြင်း (ဓမ္မရာဇဝင်စတုတ္ထစောင် ၄:၁-၇)၊ အမျိုးသမီးတစ်ဦး၏သားကို သေရာမှ ထမြောက်စေခြင်း (:၈-၃၇)၊ နေမန်၏နူနာကို ပျောက်ကင်းစေခြင်း (၅:၁-၁၄) အပါအဝင် နိမိတ်လက္ခဏာများစွာ လုပ်ဆောင်ခဲ့ပေသည်။ ဧလိရှဲသည် ပရောဖက်တစ်ပါးအနေဖြင့် နှစ်ပေါင်း ၅၀ ထက်မနည်း သစ္စာရှိစွာ အစေခံခဲ့ပါသည်။ စာရေးသူ - အယ်လီဆန်ကီဒါ