
နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်
အသက်ထက်သာ၍ ကောင်းသည် https://myanmar-odb.org/2025/01/09/be... / myanmar.odb / ourdailybreadmyanmar ယနေ့ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း ၆၃ https://odb-ministries.org/bible/mm/r... ထင်ဟပ်ဖော်ပြချက် အသက်ထက်သာ၍ ကောင်းသည် ဒါဝိဒ်သည် ဆာလံကျမ်း ၇၅ စောင်ကို ရေးသားခဲ့ပြီး၊ ၇၃ စောင်တွင် သူ၏နာမည်ဖော်ပြပါရှိသည်။ တမန်တော်ဝတ္ထု ၄:၂၅ တွင် ဆာလံကျမ်း ၂ ကို သူရေးသားကြောင်းနှင့် ဟေဗြဲဩဝါဒစာ ၄:၇ က ဆာလံကျမ်း ၉၅ ကို သူရေးသားကြောင်း အတည်ပြုသည်။ ဆာလံကျမ်း ၆၃ တွင် ၎င်းကျမ်း၏နောက်ခံသမိုင်းကို ဖော်ပြထားသည်။ “ဒါဝိဒ်သည် ယုဒတော၌ ရှိသောအခါ စပ်ဆိုသော ဆာလံ” ဟူ၍ ရေးသားထားသည်။ အဖြစ်အပျက်အတော်များများတွင် ဒါဝိဒ်သည် ရှောလုမင်းလက်မှ ပြေးရစဥ် (ဓမ္မရာဇဝင်ပထမစောင် ၂၃:၁၄-၁၅၊ ၂၄:၁)နှင့် သားတော်အဗရှလုံက ထီးနန်းလုကာ ပုန်ကန်ချိန် (ဓမ္မရာဇဝင်ဒုတိယစောင် ၁၅:၁၃-၃၀) တို့တွင် တောအရပ်သို့ သွားလေ့ရှိကြောင်းတွေ့ရသည်။ ဆာလံကျမ်း ၆၃ ကို သူရေးသောအချိန်တွင် သူသည် အဗရှလုံလက်မှ လွတ်အောင် ပြေးရချိန်ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူက သူ့ကိုယ်သူ “ရှင်ဘုရင်” (:၉) ဟု သုံးနှုန်းထားပြီး၊ ရှောလုလက်မှ သူပြေးရချိန်က သူသည် ဘုရင်မဖြစ်သေးပါ။ စာရေးသူ - K. T. Sim