khit Thit Evening News | June 22 2026

khit Thit Evening News | June 22 2026

Khit Thit သတင်းဌာန၏ ဇွန် ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု အန္တရာယ်မြင့်နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ပြီး အမည်ပျက်စာရင်းမှာ ထပ်မံ ထည့်သွင်းထားတယ်လို့ ကမ္ဘာလုံးဆိုင်ရာ FATF က တရားဝင် ကြေညာလာပါတယ် -မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့ ပကဖ တပ်ဖွဲ့ဝင်ဟောင်း ၁ ဦးကို တော်လှန်ရေးတပ်တွေက ပြန်လည်ဖမ်းမိထားပြီး ၊ သူ့ရဲ့သတင်းပေးမှုကြောင့် တော်လှန်ရေး စခန်းတချို့ စွန့်ခွာရတာတွေရှိခဲ့တယ်လို့ စဉ့်ကိုင်မြို့နယ် (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပြောပါတယ်။ ရှမ်းပြည်နယ်တော်ပိုင်း ရွာငံမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ အမည်သုံးပြီး ဓားပြတိုက်နေတဲ့ အဖွဲ့ဝင် ၁ ဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားပြီး ၊ မူးမြို့နယ်မှာလည်း အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှုအတွင်း သေနတ် ၃ လက်ကိုပါ သိမ်းဆည်းရရှိ ထားတယ်လို့ သက်ဆိုင်ရာတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ -အမေရိန် သမ္မတထရန့် က အီရန်နိုင်ငံကို အစအနမကျန် ဗုံးကြဲပစ်မယ်၊ နိုင်ငံကိုလည်း ထိန်းချုပ် သွားမယ်” လို့ အပြင်းအထန် ပြောလိုက်ပြီးနောက် အီရန်ညှိနှိုင်းရေးအဖွဲ့က အမေရိကန်နဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာပဲ ထွက်ခွာသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။