Khit Thit Evening News | January 21, 2026
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ၊ ကြိမ်ချောင်းကျေးရွာအနီးမှာ အကြမ်းဖက် စစ်တပ်လက်အေက်ခံ DKBA တပ်ရဲ့ ဗိုလ်အေဝမ်းက ကျားဖြန့်ငွေလိမ်လုပ်ငန်း ဝင်းပေါင်းများစွာကို ဆောက် လုပ်ပြီး တရုတ်လူမျိုး အယောက် ၅၀၀၀ နီးပါးကိုပါ ခိုလှုံခွင့်ပေးထားပြီးတော့ အွန်လိုင်း ငွေလိမ်လည်လု ပ်ငန်းတွေကို ပြန်လည်လည်ပတ်နေတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -ကလေးငယ်ကို စင်ပေါ်ခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ပြီးတော့ ဟာသပြတ်လုံးထုတ်ခဲ့တဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံ သဘင် အစည်းအရုံး(ဗဟို)ကလည်း အဲ့ဒီ့ကိစ္စကို စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်ထားပါသေးတယ်။ သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလုပ်သားတွေကို ပန်းရောင်ကတ်လို့(ခေါ်) တဲ့ အထောက်အထား ကဒ် ဘတ်တင်ပေးမယ်ဆိုပြီး ထိုင်းငွေသိန်းနဲ့ချီ လိမ်လည်ယူဆောင်သွားတယ်လို့ ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းဆီကသိရပါတယ်။ အီရန်နိုင်ငံက အမေရိကန် သမ္မတ ထရန့်ကို လုပ်ကြံဖို့ ကြိုးစားနေတဲ့ သတင်းတွေအပေါ် သမ္မတထရန့်ကတော့ အမေရိကန်ကို တိုက်ခိုက်ရင် အီရန်နိုင်ငံကို “ကမ္ဘာ့မြေပြင်ပေါ်ကနေ အပြီးတိုင် ဖျောက်ပစ်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေး လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။