khit Thit Morning News | June 27 2026
Khit Thit သတင်းဌာန၏ ဇွန် ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ ဧရာဝတီဘဏ် (AYA Bank) မှာ အကောင့်ဖွင့်ထားတဲ့သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားသွားတာကြောင့် အရေးပေါ် ဒီဂျစ်တယ်လုံခြုံရေးအစီအမံတွေ လုပ်ဆောင်ကြဖို့ မြန်မာအင်တာနက်ပရောဂျက် (Myanmar Internet Project - MIP) က သတိပေးလိုက်ပါတယ်။ ဟောင်ကောင်က အသက် ၃၃ နှစ်အရွယ် အလှပြင်ဆိုင်ပိုင်ရှင် ပွန်ဆမ်ယီဟာ အမျိုးသမီး ၂ ဦးကို အခမဲ့ခရီးစရိတ်၊ တည်းခိုခနဲ့ ငွေကြေးအကျိုးအမြတ်ရမယ်လို့ လိမ်လည်ပြောဆိုပြီး မြန်မာနိုင်ငံအတွင်းက တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းထံ ရောင်းချခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး ဟောင်ကောင်ခရိုင်တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။ -ထိုင်းနိုင်ငံ၊ မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်မှာ ငါးအသားချောင်းနဲ့ အာလူးကြော်ထုပ်တွေ ထည့်ထားတဲ့ ကတ်ထူပုံး ၂ ပုံးအတွင်း ထိုင်းဘတ်ငွေ ၂၃ သန်းကျော် ကို ဖွက်ပြီး မြန်မာနိုင်ငံ တာချီလိတ်ဘက်ကို သယ်ဆောင်ထုတ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်းထောင်ချီ သေဆုံးနိုင်ခြေ ရှိနေတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားသလို ဇွန်လ ၂၅ ရက်နေ့အထိ သေဆုံးသူအရေအတွက် ၂၃၅ ဦးအထိ ရှိလာပြီးလူပေါင်း ၄,၃၀၀ ဦး ဒဏ်ရာရနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။